previous arrow
next arrow
Slider

General Paints မှ ကြိုဆိုပါတယ်

General Paintsကို ၁၉၉၆ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ချိန်မှစပြီးဓါတုပစ္စည်းထုတ်လုပ်သောစက်မှု လုပ်ငန်းတစ်ခုအနေဖြင့် အလှဆင်သည့်သုတ်ဆေးများ၊ ဗိသုကာဆိုင်ရာနှင့်ပါတ်သက်သောသုတ်ဆေးများ၊ စက်မှုလုပ်ငန်း နှင့်ပါတ်သက်သောသုတ်ဆေးများ၊သစ်သားများတွင်သုံးသင့်သောသုတ်ဆေးများ၊အပေါ်မျက်နှာပြင်ကိုကာကွယ်မှုပြုလုပ်ပေးမှုနှင့် ပါတ်သက်သောဆေးအမျိုးအစားအားလုံးစသည်ဖြင့် သုတ်ဆေးမျိုးစုံကိုစတင်ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ ထို့အပြင်General Paints မှ လုပ်ငန်းစီးပွားဖက်များ၊ ဖြန့်ဝေသူများ၊ ဝယ်ယူသုံးစွဲသူများစိတ်ကျေနပ်မှုရစေမည့် နာမည်ရကမ္ဘာ့အဆင့်မှီသုတ်ဆေးမျိုးစုံကိုလည် နိုင်ငံခြားမှတင်သွင်းဖြန့်ဖြူးပေးလျှက်ရှိပါတယ်။ ဤကဲ့သို့ လုပ်ငန်းစီးပွားဖက်များ၊ ဖြန့်ဝေသူများ၊ ဝယ်ယူသုံးစွဲသူများအကောင်းဆုံးစိတ်ကျေနပ်မှုရအောင် ဆောင်ရွက် ‌ပေးရင်း မြန်မာနိုင်ငံ၏သုတ်ဆေးမျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကဏ္ဍ တွင် အဓိကနေရာမှ ပါဝင်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်ုပ်တို့၏ဆေးများ

အဆောက်အအုံအလှဆင်သည့်သုတ်ဆေးများ

ကွဲပြားသောမျက်နှာပြင်အမျိုးမျိုးပေါ်တွင် နည်းပညာအမျိုးစုံသုံး၍ အလှဆင်ဆေးသုတ်ခြင်းသည် မတူကွဲပြားသောအနုပညာတစ်ရပ် တစ်မျိုးပင်ဖြစ်ပါသည်။စနစ်တကျ လုပ်နည်းလုပ်ဟန်များကိုမှန်ကန်စွာအသုံးချမှုများကြောင့် ခောတ်နှင့်ရင်ဘောင်တန်းနိုင်သည့်  အလှဆင်ဆေးသုတ်ခြင်းသည်  သင်ယူလေ့လာနိုင်သည့်     အဆင့်မြင့် အနုပညာရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါသည်။

စက်မှုလုပ်ငန်းနှင့်ပါတ်သက်သောသုတ်ဆေးများ

GPCI မှစက်မှုလုပ်ငန်းနှင့်ပါတ်သက်သောသုတ်ဆေးမျိူးစုံကိုထုတ်လုပ်ပေးလျှက်ရှိပါသည်။ အထူးအားဖြင့် ဓါတုပစ္စည်းအားဖြင့် သော်၎င်း၊ ရုပ်ဝတ္ထုပစ္စည်းအနေဖြင့်သော်၎င်း ထိခိုက်ပွန်းပဲ့မှုအမျိုးမျိုးကိုခုခံနိုင်စွမ်းရှိပြီးမူလအရောင်အသွေးမပျက်အောင် ထိမ်းသိမ်း ထားနိုင်ရန် ထောက်ပံ့ ပြုလုပ်ထားပါည်။ ဤအခန်းကဏ္ဍသည် စက်မှုလုပ်ငန်းနှင့်ပါတ်သက်သောခံဆေးမျိူးစုံကိုအထူးပြု ဖေါ်ပြထားပါသည်

မော်တော်ယာဉ်များနှင့်သက်ဆိုင်သောသုတ်ဆေး

ယာဉ်အမျိုးအစားအားလုံးနှင့်သက်ဆိုင်ပြီး ၎င်းတို့၏ ရာသီဥတု၊ ဓါတုဆေးဝါး၊ ထိခိုက်ယိုယွင်းမှုဒဏ်တို့မှ ကာကွယ်ရန်နှင့် အသုံးပြုမည့် ပစ္စည်းကိုပိုမိုလှပပေါ်      လွင်စေရန် ရည်ရွယ်၍ ထုတ်လုပ်ထားပါသည်။ကမ္ဘာအဆင့်မှီထုတ်လုပ်ထားသောထိပ်တန်းပစ္စည်းကောင်း  များကိူသာတင်ပို့ရောင်းချပေးနေသောကြောင့်          အရည်အသွေးပိုင်းဆိုင်ရာ ပြည့်မှီမှုကိုအထူးသေခြာစေပါသည်။

သင်္ဘော သုတ်ဆေး

ကျွန်ုပ်တို့၏ ပစ္စည်းများကိုအသုံးပြုခြင်းအားဖြင့် ပြည်တွင်းပြည်ပရေလမ်းခရီးသွားလာနေကြသောယာဉ်သင်္ဘောအကြီး၊ အငယ် အားလုံးတို့သည်အခြေအနေအားလုံးအတွက် ထိရောက်မှုရှိပြီးတာရှည်ခံ၍ မူလအခြေအနေအတိုင်းအရောင်မပျက် တည်ရှိနေမည်ဖြစ်ပါသည်

ပ‌ရောဂျက်အညွှန်း

ဖေ့ဘုတ်မှာ Follow လုပ်ပါ

Hot Line : (95) 01-388214 , 01-377512

ထာဝရအတည်ပြုပါသည်

ရုပ်ဝတ္ထုကိုမဟုတ်၊ နေထိုင်မှုဘဝကို ချယ်သခြင်းဖြစ်သည်

လူတိုင်း၏ပိုင်ဆိုင်မှုတရားကိုအလေးထားပါသည်

ချိန်မှန်ရောက်ရှိခြင်း