Company Policy

ကုမ္ပဏီ၏ ပေါ်လစီများ

မြန်မာနိုင်ငံ အိမ်သုတ်ဆေးထုတ်လုပ်ရောင်းချသောလောက၏ ဒုတိယဦးဆောင်သူ GENERAL PAINTS & INDUSTRIAL COMPANY LIMITED (GPCI) သည် Integrated Management System ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ဂတိပြု ထားပါသည်။ ဤစနစ်တွင် အရည်အသွေးပိုင်းဆိုင်ရာများ၊ ပဝန်းနှင့်ဆိုင်သောအရေးအရာများ၊ ကျန်းမာရေး နှင့် လုံခြုံမှုပိုင်းဆိုင်ရာကဏ္ဍများ၊ တာဝန်ယူ စောင့်ရှောက်ပုံနည်းစနစ်များ၊ သက်ဆိုင်သော ဥပဒေအားလုံး၊ ရည်ရွယ်ချက်များနှင့်ကိုက်ညီသော စည်းမျဉ်းများ ကို ဆောင်ရွက် ထားမှု
စိတ်ဝင်စားမှုရှိသော အဖွဲ့အစည်းများ (ဖောက်သည်များ၊ ကုန်ပို့သူများ၊ လုပ်သားများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် တစ်ခြားသော ဒေသတွင်း အဖွဲ့အစည်းများ ) ၏ကျေနပ်မှုရှိကြောင်းသေခြာမှုရှိစေရန်ဆောင်ရွက်မှု စသည့် သင်းပင်းဖွဲ့စည်းမှုပုံစံ နှင့်ပါတ်သက်သောအကြောင်းအရာများပါဝင်ပါသည်။

ကုမ္ပဏီ၏ ပေါ်လစီများ အောင်မြင်မှုရရှိစေရန်အတွက်

အရည်အသွေးပိုင်းဆိုင်ရာများ၊ ပဝန်းနှင့်ဆိုင်သောအရေးအရာများ၊ ကျန်းမာရေး နှင့် လုံခြုံမှုပိုင်းဆိုင်ရာကဏ္ဍများ၊ တာဝန်ယူ စောင့်ရှောက်ပုံနည်းစနစ်များ အားလုံးနှင့်ပါတ်သက်၍ စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများ ပိုမိုသဘောပေါက်နားလည်လာစေရန်

ညစ်ညမ်းစေမှု၊ ဆူပူမှုဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကျန်းမာရေးနှင့်ဆိုင်သောပြဿနာများ၊ သဘာဝပဝန်းကျင်ကိုထိခိုက်မှု ပြဿနာများ ကို မဖြစ်ပွားစေရန်ကာကွယ်ခြင်းနှင့် ကျရောက်နိုင်သော အန္တရာယ် များကို အကဲဖြတ်ခွဲခြားသတ်မှတ်ပြီးစနစ်တကျ ဖြေရှင်းရန် လုပ်ငန်းစဉ်များကို သင်တန်းများပေး၍ ဆောင်ရွက်ရန်၊

ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မှီအောင်ဆောင်ရွက်နိုင်ခြင်း ရှိမရှိ လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး သတ်မှတ်အချိန်ကာလများအလိုက် စီစစ်သရုပ်ခွဲ၍ ပြန်လည် ချမှတ် ဆောင်ရွက်သွားရန်

Integrated Management System ကိုစဉ်ဆက်မပြတ် တိုးတက်နေစေရန်အတွက် လုပ်ငန်းစဉ်များပေါ်တွင် တစ်စိုက် မတ်မတ် စွဲစွဲမြဲမြဲ လုပ်ကိုင်ဆောင်ရွက်သွားရန်

စီမံခန့်ခွဲသူများအနေဖြင့် ကုမ္ပဏီ၏ပေါ်လစီ ထိရောက်စွာအကောင်အထည်ဖေါ်နိုင်ရန် တာဝန်ခံပြီး စနစ်တစ်ခုလုံးကို အထောက်အကူ ပေးရမည့်အပြင် စနစ်နှင့်ပါတ်သက်သော အသိအမြင်များတိုးပွားလာစေရန်၊ သဘာဝပဝန်းကျင်နှင့် သဟဇာတဖြစ်ရန်၊ ကျန်းမာလုံခြုံသော လုပ်ငန်းခွင်ဖြစ်ပေါ်စေရန် အထက်ဖေါ်ပြပါအချက်များအားလုံးကို အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။