Company Profile

General Paints၏ သမိုင်းကြောင်း


လှည့်သာပြောင်းသာရှိသောထုတ်ကုန်စရိတ်နှင့်ကုန်ထုတ်စက်မှုလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် နှင့် ဒေသတွင်းသုတ်ဆေး ထုတ်စက်မှုလုပ်ငန်းများ၏အရည်အသွေးပိုင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် GPCIကို၁၉၉၇ နွေရာသီတွင်စတင် တည်ထောင်ခဲ့သည်။တိုးတက်ဖြစ်ပေါ်လျှက်ရှိသောသုတ်ဆေး၊ ခံဆေးဈေးကွက်တွင် ရောင်းချမှုနှုန်းထားယှဉ်ပြိုင်မှုကဖိအားပေးသော ကြောင့်ပစ္စည်းဈေးနှုန်းများတစ်စထက်တစ်စနိမ့်ကြလာလျှက်ရှိသည်။နောက်ဆုံးတွင်ထိပ်ဆုံးရှိစွမ်းဆောင်ရည်အကောင်းဆုံး GPCI နှင့်ကုမ္ပဏီအချို့သာအကျပ်အတည်းကိုလွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အတွေ့အကြုံရင့်ကျက်သူများနှင့်ထုပ်လုပ်မှုကို အစမှအဆုံးတိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ GPCI ကိုစနစ်တကျဖွဲ့စည်း တည်ထောင်ထားပြီး၊ လှည့်သာပြောင်းသာရှိသောကုန်ထုတ်လုပ်မှုနှင့် ထိရောက်ပြီးနှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ထုတ်ကုန်စရိတ် သတ်မှတ်ဆောင်ရွက်နိုင်ရန်ဟူသောအချက်တစ်ခုတည်းအပေါ်မူတည်ပြီးဖြေရှင်းဆောင်ရွက် နိုင်ရန်

  • ထုတ်လုပ်မှုလုပ်ငန်းစဉ် ပြောင်းလည်းဆောင်ရွက်နိုင်မှုစွမ်းရည်ကို ထောက်ပံ့ပေးခြင်း
  • ကုန်ထုတ်လုပ်ငန်း၏ ထုတ်လုပ်မှု စွမ်းရည်တိုးတက်လာစေရန်ဆောင်ရွက်ပေးခြင်း
  • တိကျသေခြာမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း
  • မျှတသောနှုန်းထားဖြင့် အရည်အသွေး စံမှီ ပစ္စည်းများထုပ်လုပ်ခြင်း
  • တစ်ကြိမ်တည်းဖြင့် လိုအပ်ချက်များအားလုံးပြည့်စုံအောင် ဝန်ဆောင်ပေးခြင်း
    စသည့်အချက်များကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ယနေ့ GPCI အနေဖြင့် မြန်မာပြည်တွင်း၌ GP ကုန်အမှတ်တံဆိပ်တစ်ခုတည်းကိုသာ အသုံးပြု၍ မူရင်းနှင့် လက်ခွဲ ပစ္စည်းများအားလုံးကို ထုတ်လုပ်လျှက်ရှိကြောင်း သုတ်ဆေးနှင့်ခံဆေး ထုတ်လုပ်မှုနယ်ပယ်တစ်ခုလုံးက အသိအမှတ်ပြုထားပါသည်။ အလှဆင်သုတ်ဆေးများ နှင့် စက်မှုလုပ်ငန်းသုံး သုတ်ဆေး နှင့်ပါတ်သက်သော မူရင်းနှင့် လက်ခွဲ ပစ္စည်းများအားလုံးကို ရန်ကုန်မြို့ရှိ ရုံးချုပ်မှနေ၍ မြန်မာနိုင်ငံ တစ်နံတစ်လျှား ဈေးကွက်များအတွင်းသို့ ထုပ်ကုန်ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ထုပ်လုပ်ဖြန့်ချီပေးပို့လျှက်ရှိပါသည်။ ထို့အပြင် နေရာ၊ ဒေသအနှံ့အပြားရှိ ဖြန့်ဖြူးရေးကွန်ယက် ရုံးခွဲများတွင် ဝန်ထမ်းပေါင်း (၁၁၀) နှင့် အရောင်းကိုယ်စားလှယ်ပေါင်းများစွာကိုခန့်ထားလုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။

GPCI သည် မြန်မာနိုင်ငံတွင်းရှိ စားသုံးသူများထံသို့ အနှစ် (၂၀) လုံးလုံး အကောင်းဆုံးသောဝန်ဆောင်မှုများနှင့် အရည်အသွေး မြင့်မားသော ထုတ်ကုန်ပစ္စည်းအမျိုးအစားများစွာ ထုတ်လုပ်ပြီးဖြန့်ချီ၍ မိမိပေးထားခဲ့သော ဂတိကို သက်သေထူလျှက်ရှိပါသည်။ ကုမ္ပဏီ၏ အဆင့်အတန်းမြင့်မားသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့်အညီလုပ်ကိုင်ဆောင်ရွက်မှု၊ စားသုံးသူ သက်သာချောင်ချိရေး ကိုအစဉ်တစိုက်အလေးထားလုပ်ကိုင်ဆောင်ရွက်နေမှု များက GPCI ကို တာဝန်ခံယူတတ်သော နိုင်ငံသားအဖွဲ့အစည်းတစ်ရပ်တစ်ခုအဖြစ် ရပ်တည်နေစေရန် လုပ်ဆောင်ပေးခဲ့ပါသည်။