FAQ

FAQ


ဆေးသုတ်ပြီးကာစ မျက်နှာပြင်ကို ဘယ်လိုဂရုပြုလုပ်ဆောင်သင့်သလဲ…

ဆေးသုတ်ပြီးကာစ မျက်နှာပြင်ကို ရက်ပေါင်း (၃၀) အတွင်း မထိရ၊ မပွတ်/မသုတ်ရ၊ ရေမစိုစေရပါ။ ရက်ပေါင်း (၃၀) ကျော်လွန်၍ ဖုန်မှုံ့များ၊ အစွန်းအထင်းများကို ပယ်ဖျက်ရှင်းလင်းလိုလျှင် ခပ်ပျော့ပျော့ နှင့် ပွတ်စားမှု မရှိနိုင်သည့် cleaner (သို့) ရေ တို့ကို အသုံးပြုဆောင်ရွက်နိုင်သည်။

ဆေးသုတ်နေစဉ်အတွင်း မိမိ၏ ပရိဘောဂပစ္စည်းများကို မည်ကဲ့သို့ ကာကွယ်ထားသင့်ပါသလဲ…

ပရိဘောဂပစ္စည်းများကို အခန်း၏အလယ်ဗဟိုသို့ရွှေ့ပြီး ပလတ်စတစ်စဖြင့် လုံခြုံစွာအုပ်ထားပါ။ ကြမ်းပြင်ကို ဆေးသုတ်ရာအသုံး ပြုသော ကင်းဗတ်စ (canvas drop cloths) ကိုသုံးပြီး ဖုန်းအုပ်ထားပါ။

ကြွေဆေး(enamel paints) နှင့် ရေဆေး (latex paints) နှစ်ခု ဘယ်လိုကွာသလဲ…

အတိုချုပ်အားဖြင့် ရာဘာဆေး (latex paints) သည် ရေကိုအခြေပြုသောသုတ်ဆေးတစ်မျိုးဖြစ်ပြီး နံရံ အတွင်း၊ အပြင်သုတ်နိုင် သောဆေးဖြစ်ပြီး ဆပ်ပြာ၊ရေ တို့ဖြင့် သန့်ရှင်းတောက်ပြောင်လာအောင် လုပ်ဆောင်နိုင်ပါသည်။ ကြွေဆေး(enamel paints) သည် တံခါးနှင့် ဘီဒို အတွင်းအပြင် ဆေးသုတ်ရာတွင်သုံးသော သုတ်ဆေးဖြစ်ပြီး အရောင်တင်ဆီ(Paint Thiner) ကိုသုံး၍ သန့်ရှင်း တောက်ပြောင်လာအောင်လုပ်ဆောင်နိုင်ပါသည်။

အိမ်အပြင်နံရံသုတ်ဆေးကို အိမ်အတွင်းနံရံတွင်အသုံးပြု၍ ရပါသလား…

မရပါ။ အိမ်အပြင်နံရံသုတ်ဆေးသည် ရာသီဥတုနှင့် အပူချိန်ပြောင်းလည်းမှုကို လိုက်လျှောညီထွေရှိအောင် ဖေါ်စပ်ထုတ်လုပ်ထားသော ဆေးဖြစ်ပါသည်

သုတ်ဆေးကို ဘယ်နှစ်ထပ် သုတ်သင့်ပါသလဲ…

လက်ရှိ အရောင်တစ်မျိုးတည်းကို အသုံးပြုနေသည့်တိုင် သုတ်ဆေးသုတ်ရာတွင် အနဲဆုံး နှစ်ထပ် သုတ်သင့်ပါသည်။ အကယ်၍ အောက်ခံကို ဆေးအရောင် မဖုန်းပါက လိုအပ် လိုအပ်သလို ဆေးကို (၃) ထပ် သုတ်သင့်ပါသည်။

ဆေးသုတ်မည့်မျက်နှာပြင်ကို ဘယ်လိုကြိုတင်ပြင်ထားသင့်ပါသလဲ…

မိမိဆေးသုတ်ရသော အခံမျက်နှာပြင်အနေအထား ပေါ်တွင်မူတည်၍ လုပ်ဆောင်ရပါသည်။ ယေဘူယျ သတ်မှတ်ချက်အားဖြင့် ဆေးသုတ်မည့်မျက်နှာပြင်သည် ခြောက်သွေ့သန့်ပြန့်နေရမည်။ မျက်နှာပြင်ပေါ်ရှိ ဖုန်အညစ်အကြေးများ၊ ဆီစွန်းဆီကွက်များ စသည် တို့ကို ပွတ်တိုက်၍ သန့်စင်သွားအောင်လုပ်ရပါမည်။ အကယ်၍ ဆေးတစ်ခါမှ မသုတ်ဘူးသောမျက်နှာပြင်ဖြစ်ပါက အပေါ်ဆေးမသုတ်မှီ ခံဆေး တစ်မျိုးမျိုးသုတ် ကိုသုတ်ရပါမည်။

ဆေးသုတ်ခြင်းနှင့်ပါသက်၍ မည်ကဲ့သို့ ထိမ်းသိမ်းဆောင်ရွက်မှုမျိုး ပြုလုပ်သင့်ပါသလဲ…

– အတွင်းနံရံများအနေဖြင့် ဖုန်အညစ်အကြေးများ၊ ပွန်းရာခြစ်ရာများ ကိုရေ၊ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးပါ။
– သုတ်ထားသောဆေးများကို ပျက်စီးစေမည့် cleaner များ မသုံးရ။ နောက်တစ်ကြိမ်ဆေးမသုတ်မှီ သန့်ရှင်းရေးလုပ်လျှင် မျက်နှာပြင်ကို
နူးညံ့သော ပစ္စည်းများသုံး၍ သန့်ရှင်းရမည်။
– ဆေးသုတ်သမား၏ နောက်ဆုံး အပေါ်ဆုံးအလွှာတွင် သုတ်ခဲ့သောဆေး၏ အသေးစိတ်အချက်အလက်များ၊ သုတ်ဆေးအမှတ်တံဆိပ်၊ သုတ်ဆေးအရောင်နံပါတ် စသည်တို့ကိုမှတ်သားထားပြီး နောက်တစ်ကြိမ် ဆေးသုတ်လျှင် ထိုအချက်အလက်များကိုပြန်လည်အသုံးပြု နိုင်ပါသည်။

အခန်းတစ်ခန်လုံးဆေးသုတ်မည်ဆိုလျှင် ဘယ်လို လုပ်ငန်းအစီအစဉ်နဲ့ ပြုလုပ်သင့်သလဲ…

အခန်းတစ်ခန်းကိုဆေးသုတ်မညိဆိုလျှင် –

  • ပထမဆုံးအနေဖြင့် မျက်နှာကြက်
  • ဒုတိယအနေဖြင့် နံရံများ
  • နောက်ဆုံးအနေဖြင့် အဝင်အထွက်တံခါးများ၊ လေဝင်ပေါက်များ၊ ပြူတင်းပေါက်များ
    စသည်တို့ကို အစဉ်အတိုင်း သုတ်သင့်ပါတယ်။

အပေါ်ဆေးမသုတ်ခင် အောက်ခံဆေးကို အရင်သုတ်သင့်ပါသလား…

ဆေးသုတ်မည့် မျက်နှာပြင်က အရင်ဆေးဟောင်းအခံရှိနေလျှင် ခံဆေးသုတ်ရန်မလိုအပ်ပါ၊အကယ်၍ ဆေးမသုတ်ဘူးသေးသော မျက်နှာပြင် အသစ်ဖြစ်ပါက အပေါ်သုတ်ဆေးမျက်နှာပြင်တွင် စွဲကပ်မှုဖြစ်စေရေန် ခံဆေးကို အရင်သုတ်ထားသင့်ပါသည်။

အဆောက်အဦး၏အတွင်းခန်းကို ဘယ်နှစ်ကြိမ်ဆေးသုတ်သင့်ပါသလဲ…

ဤ မေးခွန်းအတွက်အဖြေပေးရန် အကြောင်းတစ်ရားများစွာကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး အဆောက်အဦး တစ်လုံးနှင့် တစ်လုံး ကွာခြားမှုရှိနိုင်ပါသည်။မည်သို့သော ပုံမှန်အခြေအနေမျိုးတွင်ရှိ သည်ဖြစ်စေ (၆)နှစ်လျှင် တစ်ကြိမ်ခန့် ကြွမ်းကျင်ဆေးသုတ်အဖွဲ့နှင့် ပြန်လည်ဆေးသုတ်သင့်ပါသည်။

မိမိနံရံပေါ်မှာ သုတ်ထားသော ဆေးကို ရေဆေးလားနဲ့ဆီဆေးလား ဘယ်လိုခွဲခြားနိုင်သလဲ…

လက်သဲအရောင်တင်ဆီဖျက်ဆေးအနဲငယ်ကို အဝတ်စတွင်ဆွတ်ပြီး နံရံ၏သိသာနိုင်သော စမ်းသပ်မည့်တစ်နေရာတွင် ခပ်ဖွဖွပွတ် ကြည့်ပါ။ ဆေးရောင် အနဲငယ်မှုံဝါးသွားခြင်း(သို့) လွယ်လွယ်ကူကူ ဆေးရောင် ပျောက်ပြက်သွားလျှင် သုတ်ထားသောဆေးကို ရေဆေး ဟုမှတ်ယူနိုင်ပါသည်။ အကယ်၍ အလွယ်တစ်ကူနှင့် အရောင်မှိန်ခြင်း၊ ပျောက်ပြက်ခြင်းမရှိပါက သုတ်ထားသောဆေးကို ဆီဆေး
ဟုမှတ်ယူနိုင်ပါသည်။

ဆေးသုတ်ပြီးနောက် ပြူတင်းပေါက်များ သန့်ရှင်းရေးမလုပ်ခင် ဘယ်နှစ်ရက်စောင့်သင့်ပါသလဲ…

ရက်သတ္တနှစ်ပါတ်ခန့်စောင့်သင့်ပါသည်။ ဆေးများခြောက်ရန် နာရီအနဲငယ်သာကြာသော်လည်း မျက်နှာပြင်ပေါ်တွင် ဆေးများစွဲတင်ကျန် စေရန်       အချိန်ကြာရှည်သောကြောင့်ဖြစ်ပါသည်။

ရာသီဥတုအခြေအနေကိုထည့်သွင်းစဉ်းစားသင့်ပါသလား…

သင်၏ အဆောက်အဦး အပြင်ဖက်နံရံများ ဆေးသုတ်တော့မည်ဆိုလျှင် ရာသီဥတုအခြေအနေကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ အပူချိန် ၆၀ နှင့် ၉၀ ဒီဂရီ ဖါရင်ဟိုက် အကြားတွင် သုတ်သင့်ပါသည်။ မိုးရွာချန်နှင့် လေပြင်းချိန်တွင် ဆေးမသုတ်သင့်ပါ။ လေပြင်းကျချိန်တွင်ဆေးသုတ်ပါက ဆေးကိုအခြောက်မမြန်စေသည့်အပြင် လေနှင့်ပါလာသော ဖုန်မှုံ့များ၊ အမှိုက်စများက မခြောက်သေးသော ဆေးသုတ်ထားသည့်မျက်နှာပြင်ပေါ်တွင် ကပ်ငြိနိုင်သောကြောင့် ဖြစ်ပါသည်။

ကာလာကတ် လိုချင်ရင်ဘယ်လိုမှရသလဲ၊ဘယ်လိုစုံစမ်းရမလဲ…

ဝက်ဆိုဒ်၏ ဆက်သွယ်သည့် နောက်ဆုံးစာမျက်နှာ မှတဆင့် ဖေါင်ဖြည့်စာပို့ပြီး ကာလာကဒ်ကို မှာယူနိုင်ပါသည်။ ပစ္စည်းနှင့်ပါတ်သက်ပြီး သိရှိလိုသမျှကို လည်း comment မှဆင့်ထည့်ပြီးမေးမြန်းနိုင်ပါသည်။ ပေးပို့လိုက်သည့်စာရလျှင်ချက်ခြင်း ကြောင်းပြန်ပေးပါသည်။

General Paints Products ထံမှပစ္စည်းများဝယ်လိုလျှင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမလဲ…

အွန်လိုင်းဝက်ဆိုဒ်၏ နောက်ဆုံးစာမျက်နှာရှိ mail box မှတဆင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
ဆက်သွယ်ရန် အရောင်းဌာန ဖုန်းနံပါတ် ၀၁ – ၆၈၇၉၀၆၊ ၀၁ – ၆၈၇၉၄၇ အရောင်းဌာနမှ မကြာမှီအချိန်အတွင်း ပြန်လည် ဆက်သွယ်လာပါလိမ့်မည်။